Google Family Link

၄.၂
သုံးသပ်ချက် ၄.၁၂ သန်း
၁၀ ကုဋေ+
ဒေါင်းလုဒ်များ
အကြောင်းအရာကို အမှတ်ပေးခြင်း
PEGI 3
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ

ဤအက်ပ်အကြောင်း

Google Family Link သည် အွန်လိုင်း၌ သင့်မိသားစု ပိုမိုလုံခြုံစေသည့် မိဘအထိန်းအချုပ်အက်ပ်ဖြစ်သည်။ မိသားစုတိုင်း၏ နည်းပညာနှင့်ဆက်စပ်မှုသည် တစ်မူထူးသဖြင့် သင့်မိသားစုအတွက် သင့်တင့်မျှတမှုရှိစေပြီး ဒစ်ဂျစ်တယ်အလေ့အထကောင်းများ ပေးစွမ်းနိုင်မည့် Family Link ကဲ့သို့သော တူးလ်များကို ကျွန်ုပ်တို့ရေးဆွဲထားပါသည်။ Family Link ၏ သုံးရလွယ်သောတူးလ်များဖြင့် သင့်ကလေးက သူ၏စက်တွင် မည်သို့အချိန်ကုန်နေသည်ကို နားလည်နိုင်ပြီး သူ၏စက်တည်နေရာကို ကြည့်နိုင်သည့်အပြင် ကိုယ်ရေးအချက်အလက်လုံခြုံမှု ဆက်တင်နှင့် နောက်ထပ်အရာများ စီမံနိုင်သည်။


Family Link ဖြင့် လုပ်ဆောင်နိုင်သည်များ-

ဒစ်ဂျစ်တယ် အခြေခံစည်းမျဉ်း ချမှတ်ခြင်း
• အသုံးပြုချိန် ကန့်သတ်ခြင်း — သင့်ကလေး၏ စက်အတွက် နားချိန်၊ အက်ပ်အတွက် အချိန်ကန့်သတ်ချက်ကို Family Link ဖြင့် သတ်မှတ်နိုင်သဖြင့် ကျန်းမာရေးနှင့်ညီညွတ်စေသည်။
• အသက်အရွယ်နှင့်သင့်တော်သော အကြောင်းအရာသို့ လမ်းညွှန်ခြင်း — သင့်ကလေး ဒေါင်းလုဒ်လုပ်လိုသောအက်ပ်ကို အတည်ပြုပါ (သို့) ပိတ်ထားပါ။ သင့်ကလေးအတွက် YouTube အသုံးပြုမှုကိုလည်း Family Link ဖြင့် မှန်ကန်အောင် ရွေးနိုင်သည်- YouTube (သို့) YouTube Kids ၌ ကြီးကြပ်မှုဖြင့် အသုံးပြုခြင်း။

သင့်ကလေး၏အကောင့်ကို စီမံ၍ လုံခြုံစေခြင်း
• သူ၏ကိုယ်ရေးအချက်အလက်လုံခြုံမှုကို ကာကွယ်ခြင်း — Family Link ရှိ ခွင့်ပြုချက်စီမံခန့်ခွဲမှုဖြင့် သင့်ကလေး၏ ဒေတာနှင့်ပတ်သက်၍ အရေးကြီးသောရွေးချယ်မှု ပြုလုပ်နိုင်သည်။ Chrome ၌ သုံးထားသော ဝဘ်ဆိုက်နှင့် နောက်ဆက်တွဲအတွက် ခွင့်ပြုချက်၊ သင့်ကလေး၏စက်တွင် ဒေါင်းလုဒ်လုပ်ထားသောအက်ပ်ကိုလည်း ကြည့်ရှုစီမံနိုင်သည်။
• သူ၏အကောင့်ကို လုံခြုံစေခြင်း — သင့်ကလေး၏ အကောင့်နှင့် ဒေတာဆက်တင်ကို Family Link ဖြင့် စီမံနိုင်သည်။ မိဘတစ်ဦးအနေနှင့် သင့်ကလေးက သူ၏စကားဝှက်မေ့သွားလျှင် ၎င်းကို ပြောင်းရန် (သို့) ပြင်ဆင်သတ်မှတ်ရန် ကူညီခြင်း၊ သူ၏ကိုယ်ရေးအချက်အလက် ပြင်ခြင်း (သို့) လိုအပ်ပါက သူ၏အကောင့်ကို ဖျက်ခြင်းပင် လုပ်ဆောင်နိုင်သည်။

သွားရင်းလာရင်း ဆက်သွယ်ခြင်း
• သူ၏တည်နေရာ ကြည့်ခြင်း — သင့်မိသားစု သွားလာနေချိန်၌ သူတို့ကို ရှာဖွေရာတွင် အထောက်အကူဖြစ်စေသည်။ Family Link သုံးပါက သင့်ကလေးများသည် စက်ကို ကိုင်ဆောင်ထားသရွေ့ မြေပုံတစ်ခုပေါ်၌ သူတို့ကို ရှာတွေ့နိုင်သည်။
• အကြောင်းကြားချက်နှင့် သတိပေးချက်ရယူခြင်း — Family Link သည် သင့်ကလေးက တည်နေရာတစ်ခုသို့ ရောက်ရှိလျှင် (သို့) ၎င်းမှထွက်ခွာလျှင် အရေးကြီးသော အကြောင်းကြားချက် ပို့ပေးသည်။ စက်ကို အသံမြည်စေနိုင်၍ စက်၏ ကျန်ရှိသော ဘက်ထရီသက်တမ်းကိုလည်း ကြည့်နိုင်သည်။


အရေးကြီးအချက်အလက်

• သင့်ကလေး၏ စက်ပေါ်မူတည်ပြီး Family Link ၏တူးလ်များ ကွဲပြားနိုင်သည်။ တွဲသုံးနိုင်သော စက်စာရင်းကို https://families.google/familylink/device-compatibility/ ၌ ကြည့်ပါ
• Google Play ရှိ သင့်ကလေး၏ ဝယ်ယူမှုနှင့် ဒေါင်းလုဒ်ကို Family Link ဖြင့် စီမံနိုင်သော်လည်း (ခွင့်ပြုချက်တိုးပေးသည့် အပ်ဒိတ်အပါအဝင်) အက်ပ်အပ်ဒိတ်၊ ယခင်အတည်ပြုပြီးသော အက်ပ် (သို့) ‘မိသားစုဒစ်ဂျစ်တိုက်’ ၌ မျှဝေထားသောအက်ပ်များ ထည့်သွင်းရန် အတည်ပြုချက်မလိုပါ။ ထို့ပြင် ဝယ်ယူမှုအတည်ပြုချက်သည် သင့်ကလေးက Google Play မှ ဝယ်ယူမှသာ အကျုံးဝင်မည်ဖြစ်၍ အခြားငွေပေးချေစနစ်မှ ဝယ်ယူမှုအတွက် အကျုံးမဝင်ပါ။ မိဘများသည် ကလေး၏ ထည့်သွင်းထားသောအက်ပ်နှင့် အက်ပ်ခွင့်ပြုချက်ကို Family Link ၌ ပုံမှန်စိစစ်သင့်သည်။
• သင့်ကလေး၏ ကြီးကြပ်ထားသောစက်ရှိ အက်ပ်ကို သေချာစိစစ်၍ မသုံးစေလိုသောအက်ပ်ကို ပိတ်သင့်သည်။ Play၊ Google စသည့် ကြိုထည့်ထားသော အက်ပ်အချို့ကို ပိတ်၍မရနိုင်ပါ။
• ကလေး (သို့) ဆယ်ကျော်သက်၏ စက်တည်နေရာ မြင်နိုင်ရန် စက်ကို ပါဝါဖွင့်ထား၍ လတ်တလောသုံးထားကာ ဒေတာ (သို့) wifi ဖြင့် အင်တာနက်ချိတ်ထားရမည်။
• ကြီးကြပ်ထားသော Google အကောင့်အတွက်သာ Family Link မိဘအထိန်းအချုပ် ရနိုင်သည်။ ကြီးကြပ်ထားသော Google အကောင့်ဖြင့် ကလေးများသည် Search၊ Chrome၊ Gmail ကဲ့သို့ Google ထုတ်ကုန်များ သုံးခွင့်ရရှိ၍ သူတို့ကို ကြီးကြပ်ရန် မိဘများက ဒစ်ဂျစ်တယ်အခြေခံစည်းမျဉ်း သတ်မှတ်နိုင်သည်။
• သင့်ကလေး၏ အွန်လိုင်းအသုံးပြုမှု စီမံနိုင်၍ သူ့အတွက် အွန်လိုင်း၌ ပိုမိုလုံခြုံစေသောတူးလ်များ Family Link တွင် ပံ့ပိုးထားသော်လည်း ၎င်းက အင်တာနက်ကို လုံခြုံစွာသုံးနိုင်ပြီဟု မဆိုလိုပါ။ Family Link သည် အင်တာနက်ရှိ အကြောင်းအရာကို မစိစစ်နိုင်သော်လည်း ကလေး၏ စက်အသုံးပြုချိန်ကို မိဘများအား ဆုံးဖြတ်နိုင်စေပြီး သင့်မိသားစုအတွက် အွန်လိုင်းလုံခြုံရေး အကောင်းဆုံးဖြစ်စေသောနည်းလမ်းကို တွက်ချက်နိုင်သည်။
အပ်ဒိတ်လုပ်ခဲ့သည့်ရက်
၂၀၂၅ ဧ ၂၄

ဒေတာ ဘေးကင်းလုံခြုံရေး

ဆော့ဖ်ဝဲရေးသူများက သင့်ဒေတာအား စုစည်းပုံနှင့် မျှဝေပုံကို နားလည်ခြင်းမှစ၍ လုံခြုံမှု စတင်သည်။ ဒေတာလုံခြုံမှုနှင့် လုံခြုံရေးလုပ်ဆောင်မှုများသည် သင်၏အသုံးပြုမှု၊ ဒေသနှင့် အသက်အပေါ်မူတည်၍ ကွဲပြားနိုင်သည်။ ဆော့ဖ်ဝဲရေးသူက ဤအချက်အလက်ကို ပေးထားပြီး အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
မည်သည့်ဒေတာကိုမျှ ပြင်ပအဖွဲ့အစည်းများနှင့် မျှဝေခြင်းမရှိပါ
ဆော့ဖ်ဝဲရေးသူများ၏ မျှဝေမှုဆိုင်ရာ ဖော်ပြမှုကို ပိုမိုလေ့လာရန်
ယခုအက်ပ်သည် ဤဒေတာအမျိုးအစားများကို စုဆောင်းနိုင်သည်
ကိုယ်ရေးအချက်အလက်၊ငွေကြေးဆိုင်ရာ အချက်အလက် နှင့် အခြား 7 ခု
ဒေတာကို အသွင်ဝှက်၍ အကူးအပြောင်းလုပ်သည်
ဒေတာများဖျက်ရန် တောင်းဆိုနိုင်သည်
သီးခြား လုံခြုံရေးသုံးသပ်ချက်

အဆင့်သတ်မှတ်ခြင်း၊ သုံးသပ်ခြင်း

၄.၃
သုံးသပ်ချက် ၄.၀၆ သန်း
R Si Yar Rsiyar R Si Yar Rsiyar
၂၀၂၅ မတ် ၁၇
ok
လူ ၅ ယောက်က ဤသုံးသပ်ချက်ကို အထောက်အကူဖြစ်သည်ဟု ယူဆသည်
၎င်းက အသုံးဝင်ပါသလား။
Maung Maung Lwin
၂၀၂၅ မတ် ၂၀
very good
လူ ၅ ယောက်က ဤသုံးသပ်ချက်ကို အထောက်အကူဖြစ်သည်ဟု ယူဆသည်
၎င်းက အသုံးဝင်ပါသလား။
ko ko
၂၀၂၅ ဖေဖော်ဝါရီ ၁၀
Very good idea for can do use screen unlock for screen password
လူ ၉ ယောက်က ဤသုံးသပ်ချက်ကို အထောက်အကူဖြစ်သည်ဟု ယူဆသည်
၎င်းက အသုံးဝင်ပါသလား။

အသစ်များ

တည်ငြိမ်မှု ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ထားပြီး ချွတ်ယွင်းချက်များ ပြင်ဆင်ထားသည်။